ဒေးဒရဲ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ဆောင်းရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့က စတင်၍ ယခင်နှစ်ကြွေးကျန် မရှိသူများအား ဦးစားပေးအနေဖြင့် ထုတ်ပေးလျက်ရှိရာ ယနေ့အထိ ဒေးဒရဲ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄)အုပ်စုက တောင်သူ (၇၆)ဦး၏ ဆောင်းစပါးဧက (၅၉၃) ဧကအတွက် ငွေကျပ်(၈၈၉၅၀၀၀၀)သိန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် မြို့နယ်အတွင်းရှိ ဆောင်းစပါး စိုက်ပျိုးမည့် ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ တောင်သူ(၂၅၇၂)ဦး၏ စိုက်ပျိုးမြေဧက(၁၈၀၇၂) ဧကအတွက် ငွေကျပ်(၂၇၁၀.၈၀)သန်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။
အေဇာလင်း