တပ်ကုန်းမြို့၌ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသူ၊ အသင်းသား(၂၃၄) ဦးအား ငွေကျပ် (၃၅၁) သိန်း ထုတ်ချေး

တပ်ကုန်း နိုဝင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ   စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ လူထုအခြေပြုစင်တာခန်းမတွင် ထုတ်ချေးပေးခဲ့သည်။

ထိုသို့ ထုတ်ချေးရာတွင် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝါနှင့် စီမံကိန်းတာဝန်ခံတို့က ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ စီမံကိန်းဝင် အသင်းသူ/သားများအား တွေ့ဆုံ၍ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရေးနှင့် ငွေစာရင်းရေးသွင်းခြင်းမှန်ကန်ရေး ရှင်းလင်းပြောကြားပြီး နောက် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၅၂) ဦးအတွက် ငွေကျပ် ၇၈ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၃၀) ဦး အတွက် ငွေကျပ် ၁၉၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၅၂) ဦးအတွက် ငွေကျပ် ၇၈ သိန်း၊ စုစုပေါင်း အသင်းသူ၊ အသင်းသား (၂၃၄) ဦးအတွက် ငွေကျပ် ၃၅၁ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)