ရပ်စောက်မြို့နယ်၌ မြစိမ်းရောင်ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာရောင်းချ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစိမ်းရောင်ဆီထွက်သီးနှံနေကြာ စိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာ ရောင်းချပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလည်ချောင်ကျေးရွာအုပ်စု၊ တောယားကျေးရွာ၌ ပြုလုပ်ခဲ့သည်။