ဖားဆောင်းမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ဆက်လက်ကျင်းပသည်။

ပေါင်းတည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ကျင်းပလျက်ရှိရာ သင်္ချာနှင့် အထွေထွေဗဟုသုတ ဘာသာများကို ရေးဖြေဖြေဆိုခဲ့ကြောင်း သိရသည်။ 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး(၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး Talk Show ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ် ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအား သတင်းရေးသားနည်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား Zoom Meeting ဖြင့် သတင်းရေးသားနည်းသင်တန်းကိုယနေ့ နေ့လယ်(၁) နာရီအချိန်က ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြိုနယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တော်ကမယ်၊ အစိပ်တော်ကမံ၊ ကျုံဒူးမြောက်၊ တော်ဖရုံ၊ ကုလားကုန်းတန်း စသည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနန္ဒာစိုးက လုပ်ငန်းဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to