မင်းလှမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကို ယနေ့က စတင်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့၌ မဲစာရင်းကပ်ထား‌မှုများနှင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်း၌ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှုကြေညာထားရှိမှုများ၊ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြသည်။

ရန်ကင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁‌၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး၌ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကန့်ဘလူမြို့ အမှတ်( ၂)ရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး

ကန့်ဘလူမြို့နယ်အတွင်း ရွေးကောက်ပွဲဆောင်ရွက်မည့် ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက် ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီက ကန့်ဘလူ မြို့ အမှတ်( ၂)မူလွန်ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ် ညောင်ကန်ကျေးရွာ၌ မဲရုံများနှင့်မဲရုံအနီးဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာအုပ်စု ညောင်ကန်ကျေးရွာ၌ မဲရုံနှင့်မဲရုံအနီးဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြသခြင်းများကို ဒီဇင်ဘာ ၂၂ ရက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများ မဲပေးနိုင်ရေး မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၌  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ အများပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများနှင့် မှတ်ပုံတင်မကိုင်ဆောင်ဘူးသူများအား ဒီဇင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် မဲရုံတာဝန်ကျဝန်ထမ်းနှင့် တာဝန်ဖြင့်ခရီးသွားမည့်ဝန်ထမ်းများ ကြိုတင်မဲပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊‌ မြောင်းမြမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းနှင့် တာဝန်ဖြင့်ခရီးသွားမည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရုံးများ၌ ယနေ့နံနက်ပိုင်းက ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့မစျေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက် ၉ နာရီအချိန်က စျေးသူစျေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Subscribe to