ညောင်ဦးမြို့နယ်၌ ပဲစင်းငုံစိုက်ခင်းများ ခုတ်သိမ်းနေပြီဖြစ်ကာ တစ်တင်းလျှင် ၉၅၀၀၀ ကျပ်ဖြင့် ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ ပဲစင်းငုံပေါ်ချိန် ရောင်းချရာတွင် ပဲစင်းငုံတစ်တင်းလျှင် ၉၅၀၀၀ ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် ပဲစင်းငုံစိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးမောင်ဆန်းက ပြောကြား၍ သိရသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြို ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တံတားဦးမြို့ မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ

တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက် (၁၀)နာရီက မြို့မဈေးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီးအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လုပ်ငန်း အစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအ‌စည်းအဝေးများအား Time Frame သတ်မှတ်၍ ဆောင်ရွက်

နိုင်ငံတာ်အကြီးအကဲ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသို့လာရောက်ခဲ့သည့် ခရီးစဉ်များအတွင်း ရွှေစည်းခုံစေတီတော်ကြီးအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန် လမ်းညွှန်မှုအရ ဘက်စုံလွှမ်းခြုံသည့်လုပ်ငန်းအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအ‌‌စည်းအဝေးများအား Time Frame သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူ များအား စာအုပ်စာစောင်များငှားရမ်းပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီးနှင့် ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေးနှင့် လုံခြုံ‌စိတ်ချမှုရှိစေရေးရည်ရွယ်၍ ယနေ့နံနက်၉နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉:၀၀)အချိန်က အ.မ.ကသစ်ဆိမ့်ပင်ကျောင်းနှင့် အ.မ.က(လွန်) ညောင်ပင်သာကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးနဲ-လင်းခေးလမ်း မိုးနဲလမ်းပိုင်းမျက်ကွယ်ကုန်းနေရာများ နှိမ့်ချတူးဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲ-လင်းခေးလမ်း မိုးနဲလမ်းပိုင်းရှိ မျက်ကွယ်ကုန်းနေရာများ နှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းကို လမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းတွင်းရပ်ကွက်မှ တောင်သူ (၄၂)ဦး၏ စပါးနှင့်အခြားသီးနှံစိုက်ဧက (၁၅၃) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၁၆၂) သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to