တောင်ကြီးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံးပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ (Sticker) စတစ်ကာများ ကပ်ပေးခြင်း ကမ်ပိန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်ပန်းခြံရှေ့ မီးပွိုင့်လမ်းဆုံနှင့် ပြည်နယ်မိုးလုံးလေလုံး အားကစားလေ့ကျင့်ရေးရုံတွင် ဆောင်ရွက်ကြသည်။

ပခုက္ကူမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကာလိမြို့၌ မဲရုံဖွင့်လှစ်မည့် နေရာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံဖွင့်လှစ်ထားရှိမည့် နေရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေငြာမှူများနှင့် မဲရုံပြင်ဆင်ထားရှိမှုများအား ဝန်ကြီးချုပ် ဦးမျိုးအောင်မှ လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးကြမည့်ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာမှုများားနှင့် မဲရုံပြင်ဆင်ထားရှိမှုများအား ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြသည်။

ငဖဲမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ စစ်ဆေးပြီး လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် နည်းပညာအထောက်အကူပြုအဖွဲ့များက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများစစ်ဆေးပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်၊ အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် ဒီဇင်ဘာ (၂၈) ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်မဲပေး နိုင်ရေးရည်ရွယ်ကာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းကမှော်ဘီမြို့အမှတ် (၄) လမ်ဆုံရှိ ပြည်သူများ၊ YBS ကားဂိတ်နှင့် သုံးဘီးဂိတ်များ၊ ဈေးများ၊ ဈေးဆိုင်များနှင့် လူစည်ကားရာနေရာများ၌ အများပြည်များ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။

ဇလွန်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်စေရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးနိုင်စေရေးအတွက် မီးပွိုင့်လမ်းဆုံတွင် ယနေ့ နံနက် ၈ နာရီတွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံ များပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်တာဝန်ခံနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့်ကမ်းပါးပေ (၁၀၀၀) ပြိုကျမှုအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်‌နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့်ကမ်းပါးပေ (၁၀၀၀) ပြိုကျမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မဲရုံပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က ရောက်ရှိပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
Subscribe to