ကန့်ဘလူမြို့ အမှတ်( ၂)ရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး

ကန့်ဘလူ ဒီဇင်ဘာ ၂၃

ကန့်ဘလူမြို့နယ်အတွင်း ရွေးကောက်ပွဲဆောင်ရွက်မည့် ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက် ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီက ကန့်ဘလူ မြို့ အမှတ်( ၂)မူလွန်ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်း ဦးဆောင်၍ ဝန်ထမ်းများက နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိရေးအတွက် လာရောက်ပြုလုပ်သူပြည်သူများ၏ လိုအပ်သော သက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)