ကျောက်ဆည်မြို့နယ်၌ ဆောင်းပဲတီစိမ်းသီးနှံ ၂၃၂ ဧက စိုက်ပျိုးပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂) ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံများကို တိုက်နယ်(၁)နှင့်တိုက်နယ်(၇)မှ ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးထားရှိပြီး ဇန်နဝါရီလကုန်အထိ ၂၃၂ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။