ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား(Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၆ ရက်နေ့က အလယ်မန်ကျေးရွာ ဓမ္မာရုံ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်းသိရသည်။