မြောင်းမြ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံမှူးများနှင့်တွေ့ဆုံ၍ မဲရုံပတ်ဝန်းကျင်မီးဘေးလုံခြုံရေး၊ မဲရုံပရဝုဏ် သတ်မှတ်ရေး၊ မဲရုံအတွင်း လွှတ်တော် (၃) ရပ် နှင့် တိုင်းရင်းသားလူမျိုးစု လွှတ်တော်ဆန္ဒမဲပေးခန်းများ သတ်မှတ်လမ်းညွှန်ချက်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲ နေ့ရက်တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရေး၊ မဲရုံတာဝန်ကို ထမ်းဆောင်ကြမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)