ကော့သောင်း ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်း၌ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းကပ်ထားမှုကြေညာထားရှိမှုများ၊ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုသည် တတိယအကြိမ် ကပ်ထားကြေညာမှုဖြစ်ပြီး ဒုတိယကြိမ် ကြေညာမှုတွင် မဲစာရင်းမပါဝင်သေးသူများအား ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းဆောင်ရွက်ထားရှိခြင်း၊ မပါဝင်သင့်သူများပါဝင်နေသူများအား ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း စသည့် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်သည့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)