မဟာအောင်မြေ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ အများပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများနှင့် မှတ်ပုံတင်မကိုင်ဆောင်ဘူးသူများအား ဒီဇင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့် တိုက်နယ်မှူး ဦးဝင်းခန့်ကျော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ သက်ဆိုင်ရာ ရပ်ကွက်စာရေးများက ပူးပေါင်း၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)