ဇီးကုန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ(တတိယအကြိမ်) ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများအား အများပြည်သူကြည့်ရှုနိုင်‌ရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းကစ၍ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။  

လပွတ္တာမြို့နယ်၌ နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သာလိကာကုန်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မိုးညှင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဉီးခင်ဇော်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မိုးညှင်းမြို့နယ်တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်း အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈) ကြိမ်မြောက် တိပိကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့ အင်းရဲလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်းဖွင့်ပွဲပြုလုပ်

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်းဖွင့်ပွဲအား ဒီဇင်ဘာ ၂၂ ရက် နံနက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲကျင်းပ

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ချုပ်) နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အဆိုပါအသင်းချုပ် Function Hall ၌ ကျင်းပသည်။

ငွေဆောင်မြို့တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား တာဝန်ရှိသူများမှ ဆက်လက်ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား (၂၀.၁၂.၂၀၂၅)ရက်နေ့မှ စတင်၍ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်သို့ ကွင်းဆင်း၍ မဲရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to