သာစည်မြို့နယ် ညောင်ကန်ကျေးရွာ၌ မဲရုံများနှင့်မဲရုံအနီးဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

သာစည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာအုပ်စု ညောင်ကန်ကျေးရွာ၌ မဲရုံနှင့်မဲရုံအနီးဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြသခြင်းများကို ဒီဇင်ဘာ ၂၂ ရက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံမီးဘေးလုံခြုံရေးအတွက် မဲရုံနှင့် မဲရုံအနီးဝန်းကျင်ရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပြီး မီးဘေးလုံခြုံရေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်း၊ ကျေးရွာမီးဘေးလုံခြုံရေးအတွက် ကျေးရွာပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)