မှော်ဘီမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၃ (က) /၆ (က)၊ လဲလှယ်၊ မိတ္တူများအား One Stop Service ဖြင့် UID ကဒ်ပါ တစ်ပါးတည်းရရှိရေး ကွင်းဆင်းဆောင်ရွက်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁၇) တို့မှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင် ၃ (က) /၆ (က) လဲလှယ်ခြင်း၊ မိတ္တူများအား OneStopService ဖြင့် UID ကဒ်ပြားပါတစ်ပါတည်းရရှိရေးတို့အတွက် (၁၈-၁၂-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။