မြောင်းမြမြို့နယ်တွင် မဲရုံတာဝန်ကျဝန်ထမ်းနှင့် တာဝန်ဖြင့်ခရီးသွားမည့်ဝန်ထမ်းများ ကြိုတင်မဲပေးခြင်းများဆောင်ရွက်

မြောင်းမြ ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊‌ မြောင်းမြမြို့တွင် မဲရုံတာဝန်ကျဝန်ထမ်းနှင့် တာဝန်ဖြင့်ခရီးသွားမည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်ရုံးများ၌ ယနေ့နံနက်ပိုင်းက ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မဲရုံတာဝန်ကျဝန်ထမ်းများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမဲရုံများသို့ မသွားရောက်မီ မိမိတို့၏မဲစာရင်းပါရှိရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကြိုတင်မဲပေးခြင်းကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာ (မြောင်းမြ)