မင်းလှမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာလျက်ရှိ

မင်းလှ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကို ယနေ့က စတင်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ရပ်ကွက်/ကျေးရွာအုပ်စု ၅၇ အုပ်စုတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိ‌ရေး ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)