ရန်ကုန် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံရှေ့၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမအနီး ဘတ်စ်ကားမှတ်တိုင်များစသည့်ဖြင့် လူစည်ကားရာနေရာများတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်၍ ပြည်သူများ မဲရုံများသို့ သွားရောက်မဲပေးနိုင်ရေး လှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူများထံ အသိပေးလှုံ့ဆော်မှုများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)