အမရပူရ ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးကြမည့်ပြည်သူများအနေဖြင့် နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရန် အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေငြာမှူများအား ယနေ့နံနက် ၁၀ နာရီအချိန်က အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုခဲ့ကြသည်။
အဆိုပါအဖွဲ့မှ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အမရပူရမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ မဲရုံစုစုပေါင်း ၁၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးမည့် လူဦးရေစုစုပေါင်း ၁၈၀၀၉၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
စိုးသီဟ(အမရ)