သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ဖွင့်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် လှူပွဲ ဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ဖွင့်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲဖွင့်ပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့ နံနက် (၆) နာရီက ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဝင်ငွေတိုးပွားစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ) မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းအားကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ် အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ (မွမ်းမံ) သင်တန်းကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်၌ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂၄ ရက်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယခုလ(၂၈)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်၌ ပြည်သူများဆန္ဒမဲပေးနိုင်ရန် အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ချောင်းဆုံမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ မွန်းလွဲ(၁)နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ   ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကြံခင်းမြို့၌ ယာယီ‌နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရီခန်းမ၌ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ယာယီနေ့ရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် သီရိလမ်းကားပါကင်နေရာ တိုးချဲ့ခြင်း၊ ရေမြောင်း ပလက်ဖောင်းပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းဖွင့်ပွဲ ကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းနှင့်ဖြည့်စွက်ရန်ပုံငွေ (၂၆၈၇ ဒဿမ ၉)သန်းဖြင့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်း ဘေးဝဲယာကားပါကင်နေရာတိုးချဲ့ခြင်း၊ ရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းနှင့် လုပ်သားလမ်းရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့က အဆိုပါ လမ်းဆုံနေရာ၌ ကျင်းပခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ ကိုယ်ကာယကြံ့ခိုင်မှု (Physical Fitness) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(Physical Fitness) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၃ရက်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to