ပခုက္ကူတက္ကသိုလ်၌ ကိုယ်ကာယကြံ့ခိုင်မှု (Physical Fitness) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှု(Physical Fitness) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၃ရက်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပခဲ့သည်။

ကလေးဝမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့  ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် နေကြာကျင်း (၁၀၀၀) ဆီတစ်ပုံး စိုက်ပျိုးခြင်းပြုလုပ်

ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းစက္ကူကျေးရွာအုပ်စု  ရေနောက်ကျေးရွာ ကွင်းအမှတ် (၁၀၆၃)  တောင်သူ ဦးမောင်မြင့်၏ လယ်မြေဧရိယာ  ၇ ဧက၌ မျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် နေကြာကျင်း(၁၀၀၀) ဆီတစ်ပုံး စိုက်ပျိုးခြင်းကို  ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်  ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ချီးမြှင့်

ကယားပြည်နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်) အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အပတ်စဉ်(၂၉) သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌  ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှပံ့ပိုးငွေပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ပူတာအိုခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအားတွေ့ဆုံ၊ တတိယအကြိမ် အတည်ပြုပြီး မဲစာရင်းများ ကပ်ထားကြေညာမှုနှင့်ကြိုတင်မဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းတို့နှင့်အတူ ဒီဇင်ဘာ (၂၄)ရက်နံနက်(၉)နာရီခွဲက ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအားတွေ့ဆုံအမှာစကား ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဓနုဖြူမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ လမန်းကျေးရွာအုပ်စု၊ မိုးသပြုကျေးရွာ၌ ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ(၅)နာရီအချိန်က တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထားဝယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းဖွင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ်အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းကို ထားဝယ်မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။
Subscribe to