နတ်တလင်း ဒီဇင်ဘာ ၂၄
နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နတ်တလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုဇယားပုံစံ (၆၆/၆)မှာပါရှိပြီး အသက်(၁၈)နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)မည့်သူများကို မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိပြီး လုပ်ဆောင်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဝေယံဖြိုး(ပြန်/ဆက်)