ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့်လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆူးဂဏန်းကျေးရွာ အုပ်စု၊ ဂွေးချောင်းကြီး ကျေးရွာ၊ ဂွေးချောင်းလေး ကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲကို ဒီဇင်ဘာ (၂၄)ရက် နေ့လယ်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာ စာသင်ကျောင်း(၉)ကျောင်း ဆောက်လုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာစာသင်ကျောင်းပေါင်း (၉)ကျောင်းနှင့် ဝန်ထမ်းအိမ်ရာတစ်လုံးကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ “(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ”များ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် “(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ” များ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း သမိုင်းချောင်းနှင့် သီရိမင်္ဂလာဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက သမိုင်းချောင်းနှင့် သီရိမင်္ဂလာဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မုံရွာမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍လည်းကောင်း၊ မြို့နယ် ဦးစီးမှူးရုံးတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်များကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား ဒီဇင်ဘာ ပထမအပတ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ရာမှ ဒီဇင်ဘာ ၂၆ရက်အထိ အရှိန်အဟုန်မြှင့်ကာ  One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သိန်း မုံရွာမြို့၌ ပြည်ပမှပြန်လည် ပေးပို့လာသည့် ကြိုတင်မဲများ ဖွင့်ဖောက်မှုအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အကြောင်းသိကောင်းစရာပြပွဲ -၂ဝ၂၅ ကျင်းပ

ဆန်အကြောင်းသိကောင်းစရာပြပွဲ - ၂ဝ၂၅ (ရန်ကုန်တိုင်းဒေသကြီး)Yangon Rice howcase-2025 ပြပွဲကို ဒီဇင်ဘာ ၂၄ ရက်က Melia Hotel (Grand Ballroom)၌ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊လူငယ်စွန့်ဦးတီထွင်အသင်းတို့မှတာဝန်ရှိသူများ၊ ဝါတန်းနှင့်ဘုရင့်နောင်ကုန်စည်ဒိုင်များ၊ ဆန်ကုမ္ပဏီများ၊ ဆန်လုပ်ငန်းရှင်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

 ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့၏၂၀၂၅ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြု ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သိက္ခာတော်ရ ဆရာတော်များနှင့် မြို့မိမြို့မများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် မြို့နယ်များတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ ကြိုတင်မဲပေးနေမှုနှင့် မဲရုံပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတိယ အကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက် ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှု၊ မဲရုံ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြောင်းမြမြို့ရှိမဲရုံများသို့ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းသည်  မြောင်းမြမြို့ရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား ဒီဇင်ဘာလ ၂၄ ရက်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
Subscribe to