မြောင်းမြ ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းသည် မြောင်းမြမြို့ရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား ဒီဇင်ဘာလ ၂၄ ရက်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် မြောင်းမြခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲပေးစက်များ အချိန်မှီရောက်ရှိနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မဲရုံများတည်ဆောက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက်ရှိ အ.မ.က(ရွာမ)တွင် ပြင်ဆင်ထားသော မဲရုံ(၂)နှင့် မြရတနာရပ်ကွက်ရှိ အ.လ.က ဘုရားချောင်း(ရပ်)တွင် ပြင်ဆင်ထားရှိသော မဲရုံ(၁)တို့အား သွားရောက်၍ မဲရုံဖွဲ့စည်းပုံမှန်ကန်စေရေးအတွက်လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)