ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သိန်း မုံရွာမြို့၌ ပြည်ပမှပြန်လည် ပေးပို့လာသည့် ကြိုတင်မဲများ ဖွင့်ဖောက်မှုအား ကြည့်ရှုအားပေး

မုံရွာ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းကမကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကြီးအတွက် ပြည်ပသို့ရောက်ရှိနေသည့် မဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲများကို သံရုံးများမှတစ်ဆင့် ပေးပို့ခဲ့ပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ဆန္ဒပြုထားသည့် ကြိုတင်မဲများကိုမြန်မာနိုင်ငံသို့ ပြန်လည် ပေးပို့လာပါကြောင်း၊ အဆိုပါပေးပို့လာသည့် ကြိုတင်မဲများကိုယခု တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များရှေ့တွင် ဖွင့်ဖောက် ရေတွက်ကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးကိုကိုဦးက ပယ်မဲဖြစ်ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်၊  အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ  ကြိုတင်ဆန္ဒမဲလက်မှတ်များအား  ပါတီကိုယ်စားလှယ်များရှေ့တွင် ပွင့်လင်းမြင်သာစွာဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်းသိရသည်။

 ခရိုင် (ပြန်/ဆက်)