ဒေါပုံမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်းဖွင့်လှစ်
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပခဲ့သည်။