ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်၊ ဆန်၊ ဆီနှင့်စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  တိုက်ကြီးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင် ကျင်းပသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရုံများလျာ ထားပြင်ဆင်ထားခြင်းများ  တာဝန်ရှိသူများ  ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဝောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေ ညာခြင်း ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများနှင့် မဲရုံများလျာထားပြင်ဆင်ထားမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) ဒေါ်ဖြူဖြူဥ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂) ဦးတင့်နိုင်တို့က ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈  နာရီက  အမှတ်(၉၄) ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။

မှော်ဘီမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများဖြန့်ဝေ

မှော်ဘီခရိုင်မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM ​မြန်မာအီလက်ထရောနစ်မဲ ပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ယမန်နေ့နံနက် ၈နာရီအချိန်မှ စတင်၍မြို့နယ်သာသနာ့ဗိမာန် ဓမ္မာရုံစုရပ်ထားဖြန့်ဝေ​ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစားကုန်သည် စက်ပိုင်များ ကုန်စည်ဒိုင်ရုံးဖွင့်ပွဲ၊ ပေါ်ဆန်းမွှေး မိုးစပါးရိတ်သိမ်းပွဲ တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆန်စပါး၊ ပဲမျိုးစုံ၊ ပွဲစားကုန်သည် စက်ပိုင်များကုန်စည်ဒိုင်ရုံးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ရက် နံနက်ပိုင်းက အဆိုပါကုန်စည် ဒိုင်ရုံးရှေ့၌ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်း အနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံ(မိတ္ထီလာ) အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိများ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် ကြိုတင်မဲပေးနေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံပွဲ တက်ရောက်

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့်အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။        

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 
Subscribe to