ပေါက်ခေါင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် “(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ” များ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်ကို သံပြိုင်သီဆိုခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ “(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဖူဆယ်၊ ပိုက်ကျော်ခြင်းနှင့် ဘောလီဘောအားကစားပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး (၂၅.၁၂.၂၀၂၅) ရက်နေ့၌ အမှတ်(၄)၊ ကျွဲပေါင်ပင်၊ ချောင်းစောက်၊ မီးသတ်၊ ဝက်တိုး၊ ရွာထောင်၊ အုတ်ပုံနှင့် အမှတ်(၅)အသင်းတို့ဖြင့် ဖူဆယ်အားကစားပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)