တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “အခွင့်အလမ်း၊ စွမ်းဆောင်ရည်နှင့် အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ မွန်းလွဲပိုင်း ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာရေးဆရာ ဗမိုး (မြန်မာပြန်) ရေးသားသည့် “အခွင့်အလမ်း၊ စွမ်းဆောင်ရည်နှင့် အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။