မုံရွာမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်

မုံရွာ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍လည်းကောင်း၊ မြို့နယ် ဦးစီးမှူးရုံးတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်များကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား ဒီဇင်ဘာ ပထမအပတ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ရာမှ ဒီဇင်ဘာ ၂၆ရက်အထိ အရှိန်အဟုန်မြှင့်ကာ  One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မုံရွာမြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများရှိ အိမ်ထောင်စုလူဦး​ရေစာရင်း ပုံစံ (၆၆/၆) တွင် ပါရှိပြီး အသက် (၁၈)နှစ်ပြည့်၍ မှတ်ပုံတင် မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)ခြင်းနှင့်  Biometric (UID) ​ကောက်ယူပေးခြင်းတို့ကို One Stop Service ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)