ကော့မှူးမြို့နယ် လာဝတီကျေးရွာတွင် ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုး
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနအမှတ် (၃၆) စက်မှုလယ်ယာစခန်းတို့ ပူးပေါင်း၍ လာဝတီကျေးရွာရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက(၁၀၀)တွင် စက်မှုလယ်ယာစခန်းကော့မှူးမှ KUBOTA ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။