သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက် သရက် ဒီဇင်ဘာ ၂၆ ဇော်ထက် (သရက်)

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ၌ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင်မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

လွိုင်လင်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများ က ကြိုတင်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မယင်းကျေးရွာတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်လုံးချမ်းသာနှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကြီး၏ (၄၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဒေသစာရီလှည့်လည်အပူဇော်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်လုံးချမ်းသာနှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားကြီး၏(၁၁၈) နှစ်ပြည့်ဝိဇတပူဇာနှင့် (၄၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲအား ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးရှေ့၌ စုရပ်သတ်မှတ်ပြီး စတင်လှည့်လည်အပူဇော်ခံခဲ့သည်။

မော်လမြိုင်မြို့ ရွှေမြိုင်ခန်းမတွင် နိုင်ငံပြင်ပရောက်ရှိနေသူများ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ရေတွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၂(က)အရ ကော်မရှင်က ပေးပို့သည့် နိုင်ငံပြင်ပရောက်ရှိနေသူများ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရွှေမြိုင်ခန်းမတွင် ရေတွက်ခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

မော်လမြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၆ နာရီကစတင်၍ ပြည်နယ်လွှတ်တော်ရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားရေးရာစင်တာဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားရေးရာ စင်တာရုံး၌ ကျင်းပခဲ့သည်။
Subscribe to