လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးမှု အကျိုးခံစားခွင့်ထုတ်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဝမ်ဟီးအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။