လင်းခေးမြို့နယ်အတွင်း ရွေးကောက်ပွဲမဲရုံများ၌အသုံးပြုမည့် MEVM မဲပေးစက်နှင့်ဆက်စပ် ပစ္စည်းများထုတ်ပေးပြီး တာဝန်ရှိသူတို့က ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံကြိုတင်ပြင် ဆောင်ရွက်ထားရှိမှုအခြေအနေကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး

လင်းခေး ဒီဇင်ဘာ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅ ခုနှစ်ဒီဇင်ဘာ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း ရှိမဲရုံများတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်MEVM မဲပေးစက်များနှင့်ဆက် စပ်ပစ္စည်းများအား တာဝန်ရှိသူတို့က ရပ်ကွက်နှင့်ကျေးရွာမဲရုံမှူးများထံ ထုတ်ပေးခြင်းနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူတို့က MEVMမဲပေးစက်များ၊ ၄င်းဆက်စပ်ပစ္စည်းများ ထုတ်ပေးခဲ့ကြရာရာတွင် လင်းခေးမြို့၊ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူးဗိုလ်မှူးကြီးကျော် ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။

ဆက်လက်၍အဆိုပါ MEVMမဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား လင်းခေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိမဲရုံ(၃၈)ရုံမှ မဲရုံမှူးများနှင့်တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက်  တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လင်းခေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ် မည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မဲပေးရုံများ ကြိုတင်ပြင်ဆင်ပြီးစီးမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၈ ရက်နေ့၌ ရပ်ကွက်/ကျေးရွာများ အသီးသီးမှ မဲပေးပိုင်ခွင့်ရှိသူအများပြည်သူတို့ လွယ်လင့်တကူနှင့်လုံခြုံ စွာဖြင့်ဆန္ဒမဲပေးနိုင်ရန် မဲရုံလုပ်ငန်းစဉ်အဆင့်ဆင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအ ခြေအနေများကိုလိုက်လံ ကြည့်ရှုစစ်ဆေးရာ၊ မဲရုံမှူးများနှင့်မဲရုံအဖွဲ့ ဝင်တာဝန်ရှိသူတို့မှ တပ်နယ်မှူးနှင့်အဖွဲ့အား ရှင်းလင်းတင်ပြခဲ့ကြပြီး တပ်နယ်မှူး၊ခရိုင် အုပ်ချုပ်ရေးမှူးတို့က မဲရုံမှူးနှင့်အဖွဲ့အား လိုအပ်သည်များဖြည့် စွက်မှာကြားပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ လင်းခေးတပ်နယ်မှူး၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ လင်းခေးမြို့နယ်အနေဖြင့် မဲရုံ(၃၈)ရုံဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)