ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တွံတေးခရိုင်မှ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ယူနီဖောင်၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲခြင်း၊ မဲရုံများပြင်ဆင်ထားမှုကြည့်ရှုခြင်းနှင့် တိရိစ္ဆာန်အစာစပ်စက်ရုံ ဖွင့်ပွဲတက်

ရန်ကုန်  ဒီဇင်ဘာ   ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့မှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက်ကုန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တွံတေးမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ(ခ)အဆင့်အားကစားရုံတွင်ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေး၊ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက  ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအား ယူနီဖောင်း၊ ဆန်၊ ဆီနှင့် စားသောက် ကုန်များကို ပေးအပ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ အုန်းပင်စုရပ်ကွက်၊ အ.ထ.က(၂)မြို့မရှိ မဲရုံ(၁)နှင့်၊ရွှေဆံတော်ရပ်ကွက်၊ ဘုရင့်နောင်ရှိမဲရုံ(၂)တို့ ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှု့ခဲ့သည်။ ထို့နောက် တွံတေးဇုန်မွေးမြူရေးဇုန်ရှိ ရွှေဇော်မိသားစု အစာတောင့်စက်ရုံဖွင့်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးရာဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဋ္ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ တွံတေးမွေးမြူရေး ဇုန်ကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးစိုးသိန်းက တိရစ္ဆာန်အစာစပ်စက်ရုံဆိုင်း ဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများက  စက်ရုံအတွင်းလှည်လည် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တွံတေးမွေးမြူရေးဇုန်ကော်မတီရုံးခန်းမတွင် တွံတေးမွေးမြူရေးဇုန်ရှိ တိရစ္ဆာန်အ စာစပ် စက်ရုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ မွေးမြူရေးဇုန်ကော်မတီဝင် Shwe Zaw Co.td  မန်းနေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းက ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး