ညောင်လေးပင် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့်လက်ကမ်းစာစောင်ကို ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာ့ဗိမ္မာန် ကျောင်းဝင်းအတွင်း၌ ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည့် နေရပ်စွန့်ခွာမိဘပြည်သူများ၏လက်ဝယ်အရောက်ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက်ရွေးကောက်ပွဲမှလွဲ၍အခြားနည်းလမ်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်းသိရသည်။
တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် အသိပညာပေး လက်ကမ်းစာစောင်နှင့် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ညောင်လေးပင်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆက်လက်ဖြန့်ဝေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)