ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် စိုက်ပျိုးထားသော ဧရာပဒေသာ စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး နေရာဒေသအလိုက် ရေရရှိရေးနည်းလမ်းများဖြင့် မိုးစပါးများ စိုက်ပျိုးထားရှိရာ မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၆၂) ဦးပိုင်အမှတ်(၂၄/၁) တောင်သူဦးအောင်မင်း စိုက်ပျိုးထားသော ဧရာပဒေသာစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။