ရွှေဘိုမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရွှေဘို  ဒီဇင်ဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက် ထားရှိသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအားယနေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌သောင်းတင်‌ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်းရှိမဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ထားရှိမှုနှင့်လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။

ရွှေဘိုမြို့၌ ရပ်ကွက် ၃ရပ်ကွက်၊ ကျေးရွာအုပ်စု ၂ အုပ်စုတွင် မဲရုံစုစုပေါင်း ၁၀ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ  ၉၃၇၀ ဦးရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်