ရွှေကူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေးဆိုင်ရာ (အွန်လိုင်းရောင်းဝယ်မှု စားသုံးသူအသိပညာပေး) Talk Show ကျင်းပ

စားသုံးသူကာကွယ်ရေးဆိုင်ရာ (အွန်လိုင်းရောင်းဝယ်မှု စားသုံးသူအသိပညာပေး) Talk Show ကျင်းပ မန္တလေး ဇန်နဝါရီ ၁၇ ခင်စောလွင်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ၁၁/၂၀၂၄ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အဆိုပါတက္ကသိုလ်စုဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ပါမော က္ခချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြာထားသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဘုရားကန်တော့ခန်း တင်ဆက်မှုဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဇလွန်မြို့နယ် အ.ထ.ကသပြုကွင်းတွင် လူငယ်စကားဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၁၄ မွန်းလွဲ ၂ နာရီတွင် အ.ထ.က သပြုကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပြည့်ဝစွာပေးနိုင်ရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် ဝယ်ယူသူပြည်သူများအား ဝန်ဆောင်မှုပြည့်ဝစွာပေးနိုင်ခြင်း ရှိ/ မရှိ ယမန်နေ့မွန်လွှဲပိုင်းက ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့ မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ပေါက်ပင်သာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် (ဒေသစပ်မျိုး) နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ ဝမ်းတွင်းဈေး၊ သဲတောဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများနှင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အဆိုပါဈေးများ၌ ပြုလုပ်သည်။

စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to