ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံဝန်ထမ်းများမှ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာသံပေါင်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ အဆိုပါ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်နေမှု လုပ်ငန်းအခြေအနေများကို တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။

လွိုင်လင်မြို့၊ လွယ်ဝိန်းတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် ရတနာမာရ်အောင်မင်္ဂလာစုမ့်မိုင်းစေတီတော် ထီးတော်တင်လှူပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ လွယ်ဝိန်းတောင်ပေါ်တွင် တည်ထားကိုးကွယ်သော ဆုတောင်းပြည့် ရတနာမာရ်အောင် မင်္ဂလာစုမ့်မိန်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကို ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

သာယာဝတီမြို့နယ်အတွင်းမှထွက်သည့် ကွမ်းရွက်ဈေးကောင်းရသဖြင့် ဒေသခံကွမ်းစိုက် တောင်သူများ အဆင်ပြေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရသဖြင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေကြကြောင်း ကွမ်းစိုက်တောင်သူအချို့၏ ပြောကြားချက်ရ သိရသည်။

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်ခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာ လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၀၉း၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး​ဟော​ပြော

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မောက်မယ်မြို့နယ် မွေတော်အ.မ.က၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မွေတော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့က နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
Subscribe to