နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ မဲရုံများအားကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ဒီဇင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်  မဲရုံများကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်းတည်၌ မဲဆန္ဒနယ်မြေ ပြင်ပရောက်ရှိနေကြသူများ၏ ကြိုတင်ဆန္ဒမဲများအား ဖွင့်ဖောက်ရေတွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်၌ မဲဆန္ဒနယ်‌မြေပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

မူဆယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအတွင်း မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများ စစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်ပြည်သူများ အဆင်ပြေချောမွေ့စေရန် မဲရုံများအတွင်း မဲပေးစက်များ တပ်ဆင်ထားရှိမှုကို ယနေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ MEVM မဲပေးစက်များနှင့်မဲရုံသုံးပစ္စည်း များ စနစ်တကျဖြန့်ဝေပို့ဆောင်ပေး

မွန်ပြည်နယ်၊ ကျိုက်ထို‌မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့‌ဆောင်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ တွံတေးမြို့နယ်တွင်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တွံတေးမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Shwe Zaw Company Limited ၏ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့က အဆိုပါစက်ရုံဝင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၊ မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် မီနီမာရသွန်အပြေးပြိုင်ပွဲ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ သူများ ချစ်ကြည်ရင်းနှီးမှုများ ရရှိနိုင်စေရန်အတွက် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာန ပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ မီနီမာရသွန်အပြေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ထားဝယ်မြို့၌၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရော နစ် မဲပေးစက် (MEVM)နှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာတွင် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
Subscribe to