ရမည်းသင်းခရိုင်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးဟောပြောပွဲနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ ရန်ကြီး​အောင်ဝန်ထမ်း/အငှားအိမ်ရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး​ဟော​ပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များအတွင်းရှိ နွေနှမ်းသီးနှံ စိုက်ဧကများပန်းတိုင်အထွက် ရရှိရေးနွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်း မြို့နယ်များအတွင်းရှိ နွေနှမ်းသီးနှံ စိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်က မိတ္ထီလာမြို့နယ်‌‌ ‌ချောက်ပင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကတန်ကျွန်းပတ်လမ်း‌ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ‌ဦးအောင်ဇော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်သူများ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်‌ရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းပတ်လမ်းပေါ်ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက် (၈) နာရီ အချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မနော်ရမ္မံရေမြောင်းဘေးပတ်လည် သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးဌာန ကြီးကြပ်သူနှင့် လုပ်သားများမှ အထူးသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to