နောင်ချိုမြို့နယ်တွင် မဲရုံများလျာထားပြင်ဆင်ထားရှိမှုများအားကွင်းဆင်း ကြည့်ရှုစစ်ဆေး

နောင်ချို ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာခြင်းနှင့် မဲရုံများ လျာထားပြင်ဆင်ထားရှိမှုအခြေအနေများအား ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဝင်းအောင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ‌ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှု့ရာတွင် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ရာတာဝန်ရှိသူများက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ နောင်ချိုမြို့နယ် တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁)အုပ်စုရှိ မဲရုံ (၅၆)ရုံ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်ချို(ပြန်/ဆက်)