ခရစ္စမတ်နေ့တွင် ငွေဆောင်ကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကား
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ယမန်နေ့ဒီဇင်ဘာ၂၅ (ခရစ္စမတ်နေ့)က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလ( ၁၉) ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးသွားဧည့်သည် (၂၂၅၃၂)ဦး၊ ပြည်ပခရီးသွားဧည့်သည် ( ၅၀၀) ဦး၊ စုစုပေါင်း (၂၃၀၃၂)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။