ဖျာပုံမြို့နယ်တွင် Big Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း (Phase ၊၊) အားအသိပညပေးရှင်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော Big Catch -Up နည်းလမ်းဖြင့်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း (Phase ၊၊) အား အသိပညာပေးရှင်းလင်းပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ကျင်းပသည်။