မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အ.လ.က ဘုရားချောင်း (ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘီးလင်းမြို့၊ အ.မ.က(အင်းဝိုင်းကုန်း)ကျောင်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ.မ.က (အင်းဝိုင်းကုန်း) ကျောင်း မိုးရာသီ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန်လှည့်လည်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ စာအုပ်လှူဒါန်းပွဲကျင်းပ

အများပြည်သူများ စာအုပ်စာပေဖတ်ရှုခြင်းများမှ အသိပညာဗဟုသုတများစွာရှိစေရန်အတွက် ရည်ရွယ်ကာ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲအား ယမန်နေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနဲ့အဖွဲ့ Mobile Ultrasound ဖြင့် အခမဲ့ကွင်းဆင်း ဆေးကု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့သည် Mobile Ultrasound​ ဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်းကို ဆရာဝန်ကြီး ဒေါက်တာ ခိုင်စန္ဒာလင်း ဦးဆောင်၍ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းချွေလှေ့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဝန်ဖို့ကျေးရွာရှိ ပေါ်ဆန်းရင်လယ်ယာနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းများမှ အသင်းသားတောင်သူများ စိုက်ပျိုးခဲ့ကြသည့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းချွေလှေ့နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ အောက်တိုဘာ ၂၃ ရက်နေ့က ကွင်းဆင်းကြည့်ရှုအားပေးကြသည်။

ရန်ကုန်မြို့ Lotte Hotel ၌ MYANWEN BEAUTY 2025 THE MSME SHOWCASE အခမ်းအနား ကျင်းပ

MYANWEN BEAUTY 2025 THE MSME SHOWCASE အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)မှ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု၊ သာဒီကွင်းကုလားစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to