၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ

ပဲခူး ဒီဇင်ဘာ ၂၆          

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အပိုင်း()အား မြို့နယ် ()မြို့နယ်တွင် စတင်ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်း၊ သက်ဆိုက်ရာမဲရုံများအလိုက် လိုအပ်ချက်မရှိစေရေး ထပ်မံကွင်းဆင်းစစ်ဆေးသွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်များအား သက်ဆိုင်ရာမဲရုံများသို့ အချိန်မီရောက်ရှိစေရေးနှင့် အရံမဲပေးစက်များလည်း အဆင်သင့် ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ မဲပေးစက်များနှင့် ဆန္ဒမဲပုံးများ သယ်ယူ ပို့ဆောင်ရေးကို လုံခြုံရေးစနစ်တကျ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အပိုင်း() အပိုင်း()ရှိ မြို့နယ်များသို့ သတ်မှတ်အရည်အတွက်တိုင်း မဲပေးစက်များ ရောက်ရှိစေရေး ဖြန့်ခွဲပေးရမည့် အစီအစဉ်များအတိုင်း ကြိုတင်ပြင်ဆင်ထားရန်နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့များလည်း ကြိုတင်စုဖွဲ့ထားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောာက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူ၍ အားလုံးကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အပိုင်း()တွင် ကျင်းပပြုလုပ်မည့် မြို့နယ် ()မြို့နယ်ရှိ မဲရုံများအလိုက် လုံခြုံရေးချ‌ထား ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက အပိုင်း()မှာကျင်းပပြုလုပ်မည့် မြို့နယ်()မြို့နယ်၌ ပြည်သူများ လွတ်လပ်၍ တရားမျှတစွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနိုင်မှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြသည်။            

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးများက ဝေးလံသည့်ဒေသများတွင် သက်ဆိုင်ရာ မဲရုံများသို့ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးနိုင်ရေး သယ်ယူပို့ဆောင်ရေးကဏ္ဍ ကြိုတင်စီမံထားရှိမှုနှင့် မဲရုံတာဝန်ကျဝန်ထမ်းများအတွက် သွားလာရေး စီမံဆောင်ရွက်ထားရှိမှု အခြေ အနေအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)