ညောင်ဦး ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာဓမ္မာရုံများတွင် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ညောင်ဦးမြို့ အမှတ် (၃) ရပ်ကွက်ရှိ မဲရုံများ၊ အမှတ် (၄) ရပ်ကွက်ရှိ မဲရုံများ၊ အမှတ် (၅) ရပ်ကွက်ရှိ မဲရုံများ၊ အမှတ် (၆) ရပ်ကွက်ရှိ မဲရုံများ၊ မြေနဲလေးကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာရှိ မဲရုံ၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မဲရုံအမှတ် (၃)၊ ကုန်းတန်းကြီး ကျေးရွာအုပ်စု၊ သန့်စင်ကြယ်ကျေးရွာ၊ မဲရုံအမှတ် (၃) သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မဲရုံတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် မဲပေးနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်