နောင်ချိုမြို့နယ်တွင် MEVMမဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများစနစ်တကျ ထုတ်ပေး

နောင်ချို ဒီဇင်ဘာ ၂၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်၍ နောင်ချိုမြို့ မဏိရတနာခန်းမတွင် ထုတ်ပေးခဲ့သည်။

အဆိုပါ MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအားရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇)အုပ်စုမှ မဲရုံ(၅၆)ရုံအတွက် မဲရုံတာဝန်ခံများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျအပ်နှံထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်