မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် (အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ၊ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် (အမျိုးသား၊ အမျိုးသမီး) ရေကူးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် ဒုတိယ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမရပူရမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်း၊ အားကစားနှင့်ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်း၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။