ကသာ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် ခန်းမများ၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ယမန်နေ့ နံနက် (၉) နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာမဲရုံများ၏ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေးစုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေများကိုလည်းကောင်း၊ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများနှင့် သဖန်းကိုင်းရပ်ကွက်မူလွန် (၃) ကျောင်း၊ ကျန်တောကျေးရွာ အ.မ.က (၆၀) ကျောင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ကသာမြို့တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂) အုပ်စုတွင် မဲရုံစုစုပေါင်း (၁၈) ရုံရှိပြီး ဆန္ဒမဲပေပိုင်ခွင့်ရှိသူဦးရေ (၂၅၇၀၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)