တမူး ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား မဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများကောက်ယူရာတွင် မြို့နယ်ကော်မရှင်အဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့များ၊ မဲရုံအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုတစ်အုပ်စုတို့ရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများတို့၏ နေအိမ်များသို့သွားရောက်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်း သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
တမူးမြို့နယ် အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက် (၄) ရပ်ကွက်/ကျေးရွာအုပ်စု (၁)အုပ်စုတွင် မဲရုံစုစုပေါင်း (၂၆)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၇၂၅၃)ဦး ရှိကြောင်း သိရသည်။
ရတနာ