ပေါင်းတည်၌ မဲဆန္ဒနယ်မြေ ပြင်ပရောက်ရှိနေကြသူများ၏ ကြိုတင်ဆန္ဒမဲများအား ဖွင့်ဖောက်ရေတွက်

ပေါင်းတည် ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်၌ မဲဆန္ဒနယ်‌မြေပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသစ်လွင်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီရုံးများမှ အသိသက်သေများ ရှေ့မှောက်တွင် ဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)