တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပ

အင်းစိန် ဒီဇင်ဘာ ၂၇

Shwe Zaw Company Limited ၏ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့က အဆိုပါစက်ရုံဝင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့် တွံတေးမွေးမြူရေးဇုန်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ရွှေတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ်စက်ရုံ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံအတွင်း တိရစ္ဆာန်အစာများ ထုတ်လုပ်နေမှုနှင့် ထုပ်ပိုးနေမှုတို့အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ စက်ရုံသည် တိရစ္ဆာန်အစာ တစ်နာရီလျှင်(၆)တန် တစ်ရက်လျှင် ထုတ်လုပ်မှု တန်(၆၀) ထွက်ရှိမည်ဖြစ်သည်။ ၎င်းနောက် တွံတေးမွေးမြူရေးဇုန် ကော်မတီရုံးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ တွံတေးမွေးမြူရေးဇုန်ကော်မတီဝင်၊ Shwe Zaw Company Limited မန်းနေဂျင်း ဒါရိုက်တာ ဦးမျိုးဝင်းက တွံတေးမွေးမြူရေးဇုန် တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)